အဆင့်-၁
မှတ်ပုံတင်ခြင်း- စပေါ်ငွေမတင်မီတွင် ကျွန်တော်တို့၏ system တွင် Simple registration (မှတ်ပုံတင်မှု) ပြုလုပ်ပေးပါ။ မှတ်ပုံတင်မှုသည် အခမဲ့ဖြစ်ပြီး စပေါ်ငွေတင်ခြင်း၊ လေလံ၊ ဈေးပြိုင်ပေးခြင်း(bidding)၊ ငွေခြေခြင်းတို့ပြုလုပ်လာနိုင်ပါမည်။ Register for FREE Now!
အဆင့်-၂
ကားရှာဖွေခြင်း- အဆင့်-၂ ။ ။ ကားလေလံစနစ် အတွင်းကားရှာဖွေခြင်း။ စပေါ်တင်ခြင်း (Sending Deposit) ကျွန်တော်များ Auction System သည်ဂျပန်နိုင်ငံအတွင်းမှ ကားလေလံကွင်းအားလုံး၏ အချက်အလက်များကို စုစည်းပေးထားသည့်အတွက် တစ်နေရာထဲမှာအားလုံးကို ရှာဖွေနိုင်ပါသည်။ ကျွန်တော်များ စနစ်တွင်း တနင်္လာ မှ စနေ (Mon-Sat) လေလံဆွဲခြင်းပြုလုပ်နိုင်ပါသည်။
လေလံကွင်းတစ်ခုခြင်းစီမှာ တစ်ပတ်တစ်ကြိမ်သာ လေလံဖွင့်ပါသည်။ လေလံကွင်းများမှ လေလံတင်ကားအချက်အလက်များကို လေလံမဖွင့်မီ ၃-၄ ရက်ကြို၍တင်လေ့ရှိပြီး နေ့ခင်းဘက်အချိန်များတွင် မိနစ်တိုင်းကားအချက်အလက် အသစ်များတက်လာလေ့ရှိသည်။ လူကြီးမင်းအနေဖြင့်ကားလေလံ ID ပြောရုံဖြင့် ကားနှင်ပတ်သက်သောအချက်အလက်များကို ဘာသာပြန်ပေးပါမည်။
ကားလေလံဈေးပြိုင်ရန်အတွက် စပေါ်ငွေ ဥပမာ-ဝယ်ယူလိုသောကား တန်ဖိုး၏ ၂၀%(ဝယ်ယူလိုသည့်ကားတန်ဖိုးပေါ်မူတည်၍ ပြောင်းလဲမှုရှိပါသည်။) တင်ပေးရပါမည်။လေလံမပြိုင်မီ ကျွန်တော်တို့အနေဖြင့်ကားနှင့် ပတ်သတ်သောအချက်များကို ဘာသာပြန်ပေးခြင်းကိုပြုလုပ်ပေးပါမည်။ My Account တွင် လူကြီးမင်းအနေဖြင့်နောက်ဆုံးဈေး မည်မျှပေးမည်ကို ဆုံးဖြတ်ပြီး လေလံတင်ပါ(Bid)။ ကားနှင့်ပတ်သက်ပြီး ထပ်မံစစ်ဆေးလိုပါက လေလံပြိုင်သောနေ့တွင် စစ်ဆေးပေးပါမည်။
အကယ်၍ လေလံအောင်ခဲ့ပါက ကျွန်တော်တို့မှ လူကြီးမင်း၏ Personal Page တွင် ဝယ်ယူမှုစာရင်း (Pro Forma Invoice) ကို တင်ပေးပါမည်။ စပေါ်ငွေရှိခြင်းအားဖြင့် လူကြီးမင်းရရှိနိင်သောအခွင့်များမှာ ရှာဖွေနိင်သောသတင်းအချက်အလက်ပိုမို များပြားလာပါမည်။ တနည်းအားဖြင့် ဓါတ်ပုံများ၊ စစ်ဆေးမှု စာရွက်စာတမ်းများမှ ရှင်းလင်းချက်များ စသည်ဖြင့် မိမိရှာဖွေနေသောကား၏ အခြေအနေတို့ကိုပိုမိုသိရှိခွင့်ရလာပါမည်။ စပေါ်ငွေပမာဏသည် အရောင်းအတိုင်ပင်ခံနှင့်ဆက်သွယ်ရာတွင် လူကြီးမင်း၏ ဦးစားပေးအဆင့်ကို မြှင့်တင်နိုင်ပါသည်။
လူကြီးမင်းအနေဖြင့် ကားကို လေလံမှ တစ်ကြိမ်ဝယ်ယူမှုရှိခဲ့သော် on-line မှနေ၍လူကြီးမင်း၏ personal page တွင် ဝယ်ယူမှုစာရင်း(invoice) ကိုကြည့်နိုင်ပါသည်။ လူကြီးမင်းအား ကားဝယ်ယူပြီး ၃ ရက်အတွင်း လက်ကျန်ငွေအားလုံးပေးချေရန် မေတ္တာရပ်ခံပါသည်။
Paypal ဖြင့်စပေါ်ငွေပေးခြေခြင်း: အတည်ပြုရန် ၁၀ မှ ၁၅ မိနစ်သာ (နေ့အချိန်၊ ဂျပန်စံတော်ချိန်အတွင်းသာ) Paypal သည်နိုင်ငံတကာအသိအမှတ်ပြု စိတ်ချရသော On-line ငွေခြေမှုစနစ်ပြီး တစ်ကမ္ဘာလုံးမှ On-line ဈေးဝယ်သူများအနေဖြင့် မြန်ဆနသော၊ စိတ်ချရသော On-line ငွေခြေမှုကိုပြုလုက်နိုင်ပါသည်။ E-bay မှပိုင်ဆိုင်သော ဖက်စပ်စနစ်တစ်ခု ဖြစ်ပြီး ၄င်း၏ကြော်ကြားမှုသည် ယုံကြည်စွာငွေလွှဲပြောင်းနိုင်မှုအပေါ်တွင်တည်ဆောက်ထားပါသည်။ လူကြီးမင်း၏ ဈေးပြိုင်မည့် ဘက်ဂျက်ပေါ်တွင် မူတည်ပြီး ငွေပမာဏကို Paypal ဖြင့်ပေးခြေပေးပါ။ Make a deposit Now!
*သတိပြုရမည်မှာ Paypal မလွှဲပြောင်းငွေစုစုပေါင်းမ၏ကော်မရှင် ၄% ကို နှုတ်ယူထားမည်ဖြစ်သောကြောင့် ထို ၄%သည် စပေါ်ငွေပေးသွင်းမှု "My Account" မှ "Total deposit" နေရာတွင်ထပ်ပေါင်းမည်မဟုတ်ပါ။
Money Gram ဖြင့်စပေါ်ငွေပေးခြေခြင်း: Money Gram သည်နိင်ငံတကာ ငွေလွှံပြောင်းခြင်း ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် ငွေလွှဲပြောင်းမှုကို Money Gram ကွန်ရက်တွင်း နိုင်ငံပေါင်း ၁၉၀ မှ ဒေသတွင်း ကိုယ်စားလှယ်ပေါင်း ၂၀၇,၀၀၀ တို့မှတဆင့် လွယ်ကူစွာ လွှဲပြောင်းနိုင်ပါသည်။ www.moneygram.com
လက်ခံမည်သူးး Masayuki Fujiwara (President of JPC TRADE CO.,LTD)
ပုံမှန်ဘဏ်မှလွဲခြင်းဖြင့် စပေါ်ငွေပေးခြေခြင်း: အတည်ပြုရန် ၂-၃ ရက်ခန့်
Customer pays transaction fee cost.
Optional Bank Account
*When money is received to the Optional Bank Account, sent in any other currency that is not Japanese Yen or when money is transferred through an intermediate bank, extra charges may apply. Please check with your sales representative before making a transfer.
အဆင့်-၃ ။ ။
ငွေအကြေပေးခြေခြင်း- လေလံအောင်ပြီနောက် ကျန်ရှိနေသောကားတန်ဖိုးကို ၃-၅ ရက်အတွင်းအပြီးပေးခြေမှုကို (Telegraphic transfer) အွန်လိုင်းငွေခြေစနစ်ဖြင့် ပေးခြေရပါမည်။ ငွေလွဲမှု မှာအချိန်အနည်းငယ်ကြာတတ်ပါသည်။ ငွေအကြေရရှိပြီးမှာသာ ကားသဘောင်္တင်မည့် ကိစ္စများကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။
အဆင့်-၄။
။ သဘောင်္တင်ခြင်း- ကျွန်တော်တို့အနေဖြင့်ကားပို့ရန် လိုအပ်သည့်စာရွက်စာတမ်းများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ လိုအပ်သည်များကို လူကြီးမင်းနှင့်ထပ်မံညှိနှိုင်း ဆောင်ရွက်သွားပြီး လက်ဝယ်ကားရောက်ရှိသည်အထိ ဝန်ဆောင်မှုများပေးသွားပါမည်။ ထိုစာရွက်စာတမ်းများ အာလုံးကို အမြန်ချောပို့စနစ်ဖြင့် ကားမရောက်မီ ပို့ပေးသွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့အနေဖြင့် လူကြီးမင်း၏ ကားပိုင်ဆိုင်မှု နှင့်ကားထုတ်ယူနိုင်ရန်သက်သေပြုနိုင်သော Bill Of Landing (BL) နှင့် Export Certificate များကို သိမ်းထားပေးပြီး ကားအမြန်ဆုံးထုတ်ယူရရှိနိင်ရန်အလျင်အမြန်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
ကျေးဇူးပြု၍ သတိပြုရမည်မှာ နိုင်ငံတိုင်းတွင် ပြည်ပမှ ကားဟောင်းများတင်ပို့မှုနှင့်ပတ်သတ်သော ကိုယ်ပိုင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရှိသည်။
ကျွန်တော် တို့အနေဖြင့် လူကြီးမင်းကားမဝယ်ယူမီ မိမိနိုင်ငံအကောက်ခွန်နှင့် ဥပဒေ များကိုလေ့လာပြီး ဆိပ်ကမ်းအကောက်ခွန် နှင့် လုပ်ထုံးလုပ်နည်း များကို သိရှိရန်ဆောင်ရွက်ထားစေချင်ပါသည်။ အကောက်ခွန်ကိစ္စ နှင့် လုပ်ထုံးလုပ်နည်း နှစ်ခုလုံးသည်အရေးကြီးပြီး လူကြီးမင်းအနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။
လူကြီးမင်းအနေဖြင့် မိမိနိုင်ငံ အကောက်ခွန် နှင့် ဒေသတွင်း အခွန်အဖွဲ့အစည်းများတွင် လိုအပ်သည့် အချက်အလက်များက
အဆင့်-၅
လက်ဝယ်ရောက်ရှိခြင်း- ။ ။လက်ဝယ်ရောက်ရှိခြင်း
ဆိပ်ကမ်းတွင် ကားထုတ်ယူရန် အသင့်အနေအထား ဖြစ်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများ သယ်ဆောင်သွားရပါမည်။